ပစ္စည်းလဲလှယ်ခြင်းမူဝါဒ

ပစ္စည်းများ ပြန်လည်ပေးပို့ခြင်း (ကုန်ပစ္စည်းအခြောက် မပျက်စီးနိုင်သောကုန်ပစ္စည်းများသာ)

သင်သည် ပျက်စီးခြင်းမရှိသော ကုန်ပစ္စည်းများကို ပြန်လည်ပေးပို့လိုပါက သင်၏ပေးပို့မှုကိုလက်ခံရရှိပြီး ၂၄ နာရီအတွင်း Burmart အားအကြောင်းကြားပါ။ ပစ္စည်းပြန်ပို့ခြင်းကို သင်ထံ ပို့ဆောင်သူများမှ ပေးပို့ခြင်းကိုလက်ခံရရှိပြီး (၇)ရက်အတွင်းပြုလုပ်ရမည်။ Burmart သည် ပျက်စီးခြင်းမရှိသော ကုန်ပစ္စည်းများ ပြန်ပို့ခြင်းကိုလက်ခံနိုင်သည်။ လတ်ဆတ်သော သို့မဟုတ် အေးခဲသောထုတ်ကုန်များ ပြန်ပို့လာခြင်းကို ကျွန်ုပ်တို့လက်မခံနိုင်ပါ။ အထက်ပါချမှတ်ထားသောအချက်များနှင့် ကိုက်ညီမှုရှိပါက ပြန်အမ်းငွေ ပြန်လည်ရရှိပါမည်။

လက်ခံရရှိသောပစ္စည်းများအားလုံးသည်သင်မှာထားသည့်အတိုင်းဖြစ်ကြောင်းစစ်ဆေးရန်အရေးကြီးသည်။အကယ်၍ သင်သည် မမှန်ကန်သော အချက်တစ်ချက်ကို လက်ခံရရှိပါက၎င်းကိုမဖွင့်ပါနှင့်။ ဖွင့်ဖောက်ထားသော သို့ မူလအခြေအနေအတိုင်း မဟုတ်သော ပစ္စည်းများကို Burmart ဘက်မှ ပြန်လည်လက်ခံမည်မဟုတ်ပါ။

ပျက်စီးသွားသောကုန်ပစ္စည်းများ

သင့်ကုန်ပစ္စည်းများသည် လက်ခံရရှိပြီးနောက် တနည်းနည်းဖြင့် ပျက်စီးသွားပါက ကျေးဇူးပြု၍ ၀၉၉၇၇၇၅၁၇၉၉ အား ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ Mail: [email protected] သို့လိပ်မူကာ ပျက်စီးနေသော ထုတ်ကုန်များ၏ပုံ၊ သင်၏အော်ဒါနံပါတ်နှင့်တကွ အခြေအနေကိုရှင်းပြပါ။ အကယ်၍ ကုန်ပစ္စည်းများသည် သင်၏အမှားကြောင့်မဟုတ်ပဲ ပျက်စီးသည်ဆိုပါက Burmart ဘက်မှ ထိခိုက်နစ်နာသောပစ္စည်းများအတွက် ပြန်လည်အစားထိုးပေးပါမည်။

အော်ဒါဖျက်သိမ်းမှုများ (ကုန်ပစ္စည်းအခြောက် မပျက်စီးနိုင်သောကုန်ပစ္စည်းနှင့် အေးခဲသောပစ္စည်းများသာ)

အော်ဒါဖျက်သိမ်းခြင်းအတွက် တောင်းဆိုမှုများကို သင်၏ပေးပို့သည့်နေ့ နံနက်(၁၁)နာရီမတိုင်မီပြုလုပ်ရမည်။ အသေးစိတ်အတွက် သင်၏ Order အတည်ပြုအတည်ပြုစာနှင့် Order History ကိုကြည့်ပါ။

ငွေပေးချေခြင်းမပြုမီ စျေးဝယ်ခြင်းတောင်းထဲ၌ သင်၏ရွေးချယ်ထားသော ကုန်ပစ္စည်းများကို မှန်ကန်စွာ စစ်ဆေး အတည်ပြုပါ။ သင့်၏တင်သွင်းသော အမှာစာအသေးစိတ်ကို ပြန်လည်ဆန်းစစ်ရန် သင်၏ Order အတည်ပြု အီးမေးလ်ကို စစ်ဆေးပါ။

ပြန်အမ်းငွေ

သင်၏ပြန်ပို့မှုကို လက်ခံရရှိပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ပြန်လည်ပေးပို့သောပစ္စည်းကို ကျွန်ုပ်တို့လက်ခံရရှိကြောင်း သင့်အားအသိပေးရန် အီးမေးလ် တစ်စောင်ပို့ပေးပါမည်။ အတည်ပြုပြီးသည်နှင့်သင်၏ပြန်အမ်းငွေသည်လုပ်ငန်းစတင်ပြီး (၁၀) ရက်အတွင်း သင်၏မူလငွေပေးချေမှုနည်းလမ်းကို အလိုလျောက် ငွေပေးချေလိမ့်မည်။