အတာသင်္ကြန် ရုံးပိတ်ရက် အသိပေးအကြောင်းကြားခြင်း
2026-04-10 13:37:29 | Announcements
မင်္ဂလာပါခင်ဗျာ။
Burmart မှ အစဉ်အမြဲ အားပေးမှာယူလျက်ရှိသော ဆိုင်ရှင်ကြီးများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ (စနေနေ့) မှ ဧပြီလ (၁၉) ရက်နေ့ (တနင်္ဂနွေနေ့) အထိ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်များဖြစ်ပါသဖြင့်၊ အဆိုပါကာလအတွင်း Burmart Application မှ ဝယ်ယူသော အော်ဒါများအားလုံးကို ဧပြီလ (၂၀) ရက်နေ့ (တနင်္လာနေ့) မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
Burmart နှင့် MDG မိသားစုများမှ ဆိုင်ရှင်ကြီးများအားလုံးအား ပျော်ရွှင်စရာကောင်းသော အတာသင်္ကြန် ပိတ်ရက်များကို ခံစားနိုင်ကြပါစေကြောင်းနှင့် စိတ်လက်ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
