မကြာခဏမေးလေ့ရှိသောမေးခွန်းများ

ပို့ရမယ့်လိပ်စာကိုဘယ်လို ပြောင်းလဲနိုင်မလဲ။

ပုံမှန်အားဖြင့် နောက်ဆုံးအသုံးပြုခဲ့သောလိပ်စာကို သင်၏အကောင့်ထဲတွင် သိမ်းဆည်းပေးထားပါသည်။ သင်၏အော်ဒါများအတွက် ငွေပေးချေရမည့်အဆင့်မှာ ပုံမှန်ပို့သည့်လိပ်စာကိုဖော်ပြလိမ့်မည်၊ အကယ်၍ လိုအပ်လျှင်လည်း ၎င်းကိုပြင်ဆင်ရန် ရွေးချယ်စရာပါရှိပါသည်။

မိမိတို့၏အကောင့်ကို ဘယ်လိုဝင်ရမလဲ။

သင် မှတ်ပုံတင်ထားသောအကောင့်ကို ဝင်ပြီးတာနဲ့ ညွှန်ကြားချက်များကိုသင်၏အီးမေးလ်သို့ ပို့ပါလိမ့်မည်။ ဤအီးမေးလ်ကို သင်မရရှိသေးပါက သင်၏အီးမေးလ်ဝန်ဆောင်မှု ပေးသူ၏စာပို့ဆော့ဖ်ဝဲက ၎င်းကိုပိတ်ဆို့ခြင်းဖြစ်နိုင်သည်။ သင်၏ junk / spam ဖိုင်တွဲကိုစစ်ဆေးပြီး မရှိပါက Burmart ၏ဖုန်းနံပါတ်ဖြစ်သော 09977751799 သို့ဆက်သွယ်နိုင်ပါသည်။

ပွိုင့်ရမှတ်များက ဘာကိုဆိုလိုတာလဲ။ မည်သို့ရနိုင်မည်နည်း။

ဝယ်သူသည် ကျွန်ုပ်တို့အတွက် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်သောကြောင့် မိမိတို့၏ထုတ်ကုန်များနှင့် ပတ်သက်၍ သင်မည်သို့ ထင်သည်ကိုကျွန်ုပ်တို့သိချင်ပါသည်။ အဆိုပါအချက်ပေါ်အခြေခံ၍ ထပ်တိုးအကျိုးခံစားခွင့်တစ်ခုအနေဖြင့် ကျွန်ပ်တို့ထံမှ ပစ္စည်းဝယ်ယူ၍ လက်ခံရရှိသောကုန်ပစ္စည်းများအတွက် သင့်ထံမှ မှတ်ချက်များပြုတိုင်း သင့်အကောင့်ထဲသို့ ပွိုင့်(၁)မှတ်ထည့်ပေးပါမည်။ အဆိုပါပွိုင့်များကိုအသုံးပြု၍ မိမိတို့စီစဉ်ထားသော လက်ဆောင်များနဲ့ ပြန်လည်လဲယူနိုင်ပါသည်။

အော်ဒါများနှင့် ငွေပေးချေမှုများကို ဘယ်လိုခြေရာခံမလဲ။

သင်၏အကောင့်ထဲသို့ဝင်ပြီးနောက် သင့်၏ကုန်ပစ္စည်းမှတ်တမ်းအခြေအနေကို Order History အောက်တွင်တွေ့နိုင်သည်။ သင်၏ဖုန်း စာပို့မှတ်တမ်းသို့ Burmart ၏စာပို့စနစ်မှတဆင့် အော်ဒါခြေရာခံအခြေအနေများကို သိရှိနိုင်ပါသည်

ဝယ်သူများ ငွေမပေးမှီ အော်ဒါများကို မည်ကဲ့သို့ဖျက်သိမ်းရမည်နည်း။

သင်၏အကောင့်ထဲသို့ ဝင်ရောက်ပြီးနောက် Shopping Cart သို့သွားပါ။ ဤနေရာတွင် သင်သည် ငွေပေးချေမှုပြုလုပ်နိုင်သည် သို့မဟုတ်သင်၏အမှာစာကိုဖျက်သိမ်းနိုင်သည်။ မှတ်ချက်။ ငွေပေးချေမှုကိုအတည်ပြုပြီးသည်နှင့် ကျွန်ပ်တို့ထံမှ ပြန်အမ်းငွေကို မရရှိနိုင်ပါ။

ငွေပေးချေပြီးနောက် အော်ဒါများ မိမိထံသို့ ပို့ရန် ဘယ်လောက်ကြာမလဲ။

ငွေပေးချေမှု အတည်ပြုချက်ရရှိပြီး ရန်ကုန်မြို့နယ်များသို့ (၂) ရက်အတွင်း သင့်၏အော်ဒါများ ရရှိပါလိမ့်မည်။

သင်၏အမှာစာကို လက်ခံရရှိရန် နှောင့်နှေးနေပါက Burmart Hot Line Number (09977751799) ထံသို့ ချက်ချင်းဆက်သွယ်ပါ။သင့်မှာကြားမှုအခြေအနေကိုအတည်ပြုရန် ကျွန်ုပ်တို့ကူညီပေးပါမည်။

ကျွန်ုပ်၏အော်ဒါများကို ဘယ်လိုပို့ပါသလဲ။

ဝယ်သူများရဲ့အော်ဒါအားလုံးကို Burmart ၏ Delivery အဖွဲ့မှ ပို့ဆောင်ပေးပါသည်။

Burmart တွင် မည်သည့်ငွေပေးချေမှုနည်းလမ်းများနှင့် ဝယ်ယူလို့ရပါသလဲ။

ယခုလက်ရှိ ကျွန်ုပ်တို့သည် အိမ်အရောက်ငွေချေစနစ်ဖြင့်သော်လည်းကောင်း၊ ပြည်တွင်း ဘဏ်ကဒ်ငွေပေးချေမှုများကို လက်ခံပါသည်။

ရရှိထားသောပွိုင့်များသည် သက်တမ်းဘယ်လောက်အထိ သုံးစွဲလို့ရနိုင်မလဲ။

အဆိုပါပွိုင့်များ၏ သုံးစွဲနိုင်သည့်သက်တမ်းသည် စတင်ရရှိသည့်အချိန်မှစ၍ အချိန် (၃၆၅)ရက် သက်တမ်းရှိပါသည်။

မိမိတို့၏ပွိုင့်များကို ဘယ်လိုလဲလှယ် ခံစားခွင့်ရရှိနိုင်မလဲ။

ကုန်ပစ္စည်းဝယ်ယူရာတွင် အကျိုးခံစားခွင့်အနေနဲ့ ၂၀၀ ကျပ် တပွိုင့်နူန်းဖြင့် စုဆောင်းနိုင်ပါသည်။ ပွိုင့်တွက်ချက်ပုံမှာ ဘောင်ချာတန်ဖိုးပေါ် မူတည်၍ တွက်ချက်ပါသည်။

ပွိုင့်များ၏ ခံစားခွင့်က ဘာတွေလဲ။

ပွိုင့်များကို Burmart မှသတ်မှတ်ထားသော လက်ဆောင်ပစ္စည်းများဖြင့် လဲလှယ်နိုင်ပါသည်။

ပြန်လဲလှယ်ခြင်းနှင့် ငွေပြန်အမ်းခြင်းပေါ်လစီ ဘယ်လိုရှိလဲ။

Burmart အနေနဲ့ ပျက်စီးခြင်းမရှိသော ကုန်ပစ္စည်းများအတွက်သာ လဲလှယ်ခွင့်ပြုပါသည်။ ပစ္စည်းပြန်ပို့ခြင်းကို သင်ထံ ပို့ဆောင်သူများမှ ပေးပို့ခြင်းကိုလက်ခံရရှိပြီး (၇)ရက်အတွင်းပြုလုပ်ရမည်။ သင့်အနေဖြင့် ကုန်ပစ္စည်း လက်ခံရရှိသည့် (၂၄)နာရီအတွင်းတွင် အကြောင်းကြားရန်လိုအပ်ပါသည်။

သင်၏ပြန်ပို့မှုကို လက်ခံရရှိပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ပြန်လည်ပေးပို့သောပစ္စည်းကို ကျွန်ုပ်တို့လက်ခံရရှိကြောင်း သင့်အားအသိပေးရန် အီးမေးလ် တစ်စောင်ပို့ပေးပါမည်။ အတည်ပြုပြီးသည်နှင့်သင်၏ပြန်အမ်းငွေသည်လုပ်ငန်းစတင်ပြီး (၁၀) ရက်အတွင်း သင်၏မူလငွေပေးချေမှုနည်းလမ်းကို အလိုလျောက် ငွေပေးချေလိမ့်မည်။

ကုန်ပစ္စည်းများအတွက် ပို့ခပေးရပါသလား။

ဝယ်ယူသည့် အော်ဒါသည် ကျပ်ငွေ (၂၀,၀၀၀)ဖြစ်ပါက အခမဲ့ ပို့ဆောင်ပေးပြီး၊ ငွေ(၂၀,၀၀၀) အောက်ဖြစ်ပါက မြို့နယ်အလိုက် ကျသင့်သည့် ပို့ဆောင်ခကို ပေးချေရပါမည်။

ရန်ကုန်ပြင်ပနေရာများမှ အော်ဒါမှာလို့ ရပါသလား။

Burmart သည် လက်ရှိအချိန်တွင် ရန်ကုန်ဧရိယာအတွင်းသာ ဝန်ဆောင်မှုပေးလျက်ရှိပြီး နောက်ပိုင်းတွင် တနိုင်ငံလုံးသို့ တိုးချဲ့ဝန်ဆောင်မှုပေးရန် ဆောင်ရွက်နေပါသည်။