ပစ္စည်းပို့ချိန် ပြောင်းလဲမှု အကြောင်းကြားခြင်း

2022-08-24 08:33:00 | Announcements

ချစ်ခင်လေးစားရပါသော Burmart အသုံးပြုသူများ

Burmart ၏ ပိုမိုတိုးများလာသော ကုန်ပစ္စည်းသစ်များနှင့် တကွ လူကြီးမင်းတို့၏ တိုးများလာသည့် ကုန်ပစ္စည်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် Burmart ၏ အခြေစိုက်ရုံးနှင့် ဂိုထောင်အား ပိုမိုကြီးမားသောနေရာသို့ပြောင်းရွှေ့လိုက်ပြီဖြစ်ရာ ခရီးလမ်းအကွာအဝေးနှင့် လမ်းကြောင်းသင့်လျော်အဆင်ပြေစေရန်လိုငှာ လူကြီးမင်းတို့မှာယူသောပစ္စည်းများကို ပို့ဆောင်ချိန်များအား အနည်းငယ်ပြောင်းလဲလိုက်ပါသည်။

သို့ဖြစ်ပါ၍ နေ့စဥ်လူကြီးမင်းတို့ မှာယူသော ပစ္စည်းများအား မနက် ၉ နာရီမှ ည ၈ နာရီအထိမှာယူသောပစ္စည်းများကို ၂၄ နာရီအတွင်းနှင့် ည ၈ နာရီနောက်ပိုင်းပစ္စည်းများအား ၄၈ နာရီအတွင်း လူကြီးမင်းတို့ထံ အရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။ Burmart အား အစဥ်မြဲသုံးစွဲ ဝယ်ယူနေကြသော User များကို အထူးပင် ကျေးဇူးတင်ရှိပါသည်။