သီတင်းကျွတ် ရုံးပိတ်ရက်အား အသိပေးအကြောင်းကြားခြင်း
2024-10-14 13:34:52 | Announcements
မင်္ဂလာပါ
Burmart မှ အစဉ်အမြဲ မှာယူအားပေးနေသည့် ဆိုင်ရှင်ကြီးများခင်ဗျ။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ( ဗုဒ္ဓဟူးနေ့ ) မှ စတင်၍ ၂၀ ရက်နေ့ ( တနင်္ဂနွေနေ့ ) အထိ သည် သီတင်းကျွတ်ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်၍ Burmart Application မှ ဝယ်ယူမှုများအားလုံးကို အောက်တိုဘာလ ၂၁ ရက်နေ့ ( တနင်္လာနေ့ ) တွင် ပုံမှန်အတိုင်း ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ဝန်ဆောင် မှုများ ကြန့်ကြာမှု ရှိခဲ့ပါက နားလည်ပေးပါရန် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည် ခင်ဗျ။
Burmart နှင့် MDG မိသားစုများ မှ ဆိုင်ရှင်ကြီးများအားလုံး သာယာပျော်ရွင်ဖွယ် ကောင်းသော သီတင်းကျွတ်ပိတ်ရက် ဖြစ်ပါစေရန်အတွက် ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။ ဆိုင်ရှင်ကြီးများအားလုံး စိတ်လက်ကျန်းမာ ချမ်းသာရှိကြပါစေ။