ဆိုင်ရှင်ကြီးများအတွက် Points အသုံးချနည်းသစ် မိတ်ဆက်ခြင်း

2025-12-20 13:38:49 | Announcements
လေးစားရပါသော ဆိုင်ရှင်ကြီးများရှင့်၊
           ပိုမိုကောင်းမွန်ပြီး အရည်အသွေးမြင့် လက်ဆောင်ပစ္စည်းများကို အစဉ်အမြဲ ပေးအပ်လိုသည့် စိတ်စေတနာဖြင့် Burmart နှင့် MDG Company တို့မှ ဆိုင်ရှင်ကြီးများအတွက် ပိုမိုထိရောက်ပြီး အဆင်ပြေသော Points Redeem ပုံစံအသစ် ကို မိတ်ဆက်ပေးလိုက်ပါသည်။
            လတ်တလော ဈေးကွက်အခြေအနေများအရ Points exchange ပြုလုပ်ရာတွင် အရည်အသွေးကောင်းမွန်သော ပစ္စည်းများ ရှားပါးလာခြင်းကြောင့်၊ ယခင်ကဲ့သို့ လက်ဆောင်ပစ္စည်းများဖြင့် လဲလှယ်ပေးနေခြင်းအစား ဆိုင်ရှင်ကြီးများ၏ Points များကို MDG Company ထံမှ ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကျသင့်ငွေအဖြစ် ထည့်သွင်းပေးချေနိုင်ရန် စီစဉ်ထားပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ယင်း Points Redeem ပုံစံအသစ်မှာ လတ်တလော ဈေးကွက်အခြေအနေများအရ ဆိုင်ရှင်ကြီးများအတွက် ပိုမို လွယ်ကူအဆင်ပြေပြီး အသုံးဝင်လာမည် ဟု ယုံကြည်ပါသည်။
ဆိုင်ရှင်ကြီးများ၏ နားလည်ပေးမှုနှင့် အမြဲတမ်း အားပေးမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်
Burmart & MDG Company