Burmart ၂ နှစ်ပြည့်မှာ လက်ဆောင် Point အပိုများ ဈေးဝယ်ရင်းယူကြမယ်🫶

2023-09-12 10:11:43 | Announcements
Burmart ရဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ✌️၂ သိန်းကျပ်ဖိုး ဝယ်ယူပြီးတိုင်း ပုံမှန်ရနိုင်တဲ့ ပွိုင့်တွေအပြင်  အပိုဆောင်းဘောနပ်အဖြစ် ၁၀၀ ပွိုင့်အထိ ထပ်မံရယူနိုင်ပြီနော်။ ဒါကြောင့် ပွိုင့်စုနေတဲ့ ဆိုင်ရှင်ကြီးတွေအနေနဲ့ မိမိဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို တစ်ကြိမ်တည်း များများဝယ်ပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြပါစို့။
ပွိုင့်တွေနဲ့ လဲလှယ်နိုင်တဲ့ ဆုလက်ဆောင်တွေထဲမှာ အိုင်ဖုန်း၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုး၊ သွေးပေါင်ချိန်တိုင်းစက် စတဲ့ ဆုကြီးတွေ ပါဝင်တာမို့ အခွင့်အရေးကို လက်လွတ်မခံနဲ့နော်။
 -စည်းမျဉ်းစည်းကမ်းများ-
၁။ ၂ သိန်းကျပ်ဖိုး ဝယ်ယူပြီးတိုင်း ပွိုင့် ၁၀၀ ရရှိပါမည်။
၂။ ဤအစီအစဉ်သည် ၂ သိန်းကျပ်မှ ၁၀ သိန်းကျပ်အတွင်း ဝယ်ယူထားသော ငွေလက်ခံဖြတ်ပိုင်းများ အတွက်သာ အကျုံးဝင်ပါသည်။
၃။ ကျပ် ၁၀ သိန်းထက် ကျော်လွန်သော ငွေပမာဏအတွက် ဘောနပ်ပွိုင့် ရရှိနိုင်မည် မဟုတ်ပါ။
၄။ ဘောနပ်ပွိုင့်များကို Burmart ဘောင်ချာမှ ပမာဏကို အခြေခံတွက်ချက်မည်ဖြစ်ပြီး၊ Customer's Order စာရင်းမှ တွက်ချက်မည်မဟုတ်ပါ။
၅။ Promotion Period လေးကတော့ ၁၃.၉.၂၀၂၃ ကနေ ၁၉.၉.၂၀၂၃ ရက်နေ့အထိဖြစ်ပါတယ်။