Lucky Kiss Tissue အရေအသွေးမြင့်မားပြီး ယုံကြည်စိတ်ချရမှု၏ အကောင်းဆုံးရွေးချယ်မှု

2026-04-10 10:01:45 | Announcements
မင်္ဂလာပါခင်ဗျာ!

MDG Company မှ တင်သွင်းဖြန့်ချီနေသည့် ရေစိုခံပြီး အလွယ်တကူ မပြဲထွက်နိုင်တဲ့ အရည်အသွေးကောင်း Lucky Kiss တစ်ရှူးနဲ့ မိတ်ဆက်ပေးပါရစေ။

Lucky Kiss Tissue များသည် သန့်ရှင်းလတ်ဆတ်ပြီး ၁၀၀% သဘာဝအတိုင်းထုတ်ယူထားသည့် သစ်သားပျော့ဖတ်စစ်စစ် မှ ထုတ်လုပ်ထားသည့် အပြင် အလင်းပြန်စေသော ဓာတုပစ္စည်းများ မပါဝင်ခြင်း (Fluorescent-free) နှင့် အစားအသောက်အဆင့်မီ/ဓာတုဗေဒပစ္စည်းများ ကင်းစင်ခြင်း တို့ကြောင့် မိသားစုတစ်ခုလုံး အတွက် ဘေးကင်းစိတ်ချရပါသည်။
BPA ကင်းစင်သည့်အတွက်ကြောင့် ရင်သွေးငယ်များအတွက် အထူးသင့်လျှော်ခြင်း၊ ဝါဂွမ်းကဲ့သို့ အလွန်နူးညံ့သော အထိအတွေ့ ကြောင့် မကြာခဏ အသုံးပြုသည့်တိုင် ပွတ်တိုက်မိခြင်းနှင့် ယားယံခြင်းတို့ကို လျှော့ချပေးပြီး ထိခိုက်လွယ်သော အသားအရေ နှင့် နှာစေးနှာပိတ်ခြင်း များအတွက် အသုံးအပြုရန် အန္တရာယ်အကင်းဆုံး ရွေးချယ်မှုဖြစ်ပါသည်။
ရေစိုလျှင်လည်း အလွယ်တကူ မပြဲနိုင်သဖြင့် တစ်ထုပ်လျှင် သိသိသာသာ အသုံးခံသောကြောင့် ခဏခဏဝယ်ယူရမှုကို လျှော့ချပေးပြီး ရေရှည်တွင် ငွေကုန်ကြေးကျ သက်သာစေပါသည်။
Lucky Kiss ပစ္စည်းများ ဝယ်ယူလိုပါက Burmart App မှ လည်းကောင်း၊ MDG company ၏ အရောင်းဝန်ထမ်းများထံမှ လည်းကောင်း ဝယ်ယူနိုင်ပြီဖြစ်ပါသည်။