Points System ယာယီရပ်နားမှု အရေးကြီး အသိပေးချက်

2026-03-26 09:14:10 | Announcements
လေးစားအပ်ပါသော MDG Company ၏ မိတ်ဖက် လုပ်ငန်းရှင်ကြီးများ ခင်ဗျာ၊
အစဉ်အမြဲ Burmart မှတစ်ဆင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအသုံးပြုမှုများအတွက် MDG Company မှ အထူးကျေးဇူးတင်ရှိပါသည်။
လက်ရှိ ဖြစ်ပေါ်နေသော Logistic ဆိုင်ရာ မြေပြင်အခြေအနေများကြောင့် Customer များအား ပေးအပ်လျက်ရှိသော Points ရရှိမှု စနစ်အား ၁ ရက် ဧပြီလ ၂၀၂၆ မှ စတင်၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီရပ်နားမည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
သို့ရာတွင် ယခင်က ရရှိထားပြီးသော ခံစားခွင့် Points များအား Exchange အဖြစ် ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။
MDG Company ၏ ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်များနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံ၍ မိတ်ဖက် လုပ်ငန်းရှင်ကြီးများအနေဖြင့် Points များကို ဆက်လက်စုဆောင်းထားနိုင်ပြီး လက်ရှိ ဖြစ်ပေါ်နေသော ဆီအခက်အခဲနှင့် ဈေးနှုန်း မတည်ငြိမ်မှုများ ပြန်လည်တည်ငြိမ်လာသောအခါ Points Redeem system ကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။
ထို့အပြင် ၃၁ မတ်လ ၂၀၂၆ မတိုင်မီ Delivery ပြီးသော Voucher များအတွက် Points ခံစားခွင့်ရှိနေမည် ဖြစ်ကြောင်းလည်း ထပ်လောင်း အသိပေးအပ်ပါသည်။
MDG Company အနေဖြင့် မိတ်ဖက် လုပ်ငန်းရှင်ကြီးများ၏ လုပ်ငန်းလည်ပတ်မှုများကို အမြဲတမ်း အထောက်အကူပြုနိုင်ရန် အားထုတ်လျက်ရှိပါသည်။
လေးစားစွာဖြင့်
MDG Company