ပစ္စည်းပို့ရန်နောက်ကျမှုအား တောင်းပန်ခြင်း

ချစ်ခင်လေးစားရပါသော Burmart User များ၏ Order များအား ကျွန်တော်တို့ Burmart မှ ၄၈ နာရီအတွင်းပို့နိုင်ရန်ကြိုးပန်းလျက်ရှိပါသည်။ ရက်ပိုင်းအတွင်း Burmart တွင် စံချိန်တင်အော်ဒါအရေအတွက် အများဆုံးဝင်ရောက်နေပြီး ယခုအခါတွင် သာမန်ထက်ကြန့်ကြာမှုများရှိနေခြင်းမှာ လူကြီးမင်းတို့လိုအပ်သည့် ပစ္စည်းအလုံလောက်ရနိုင်ရန် ဖြည့်တင်းနေရခြင်း၊ ရာသီဥတုအခြေအနေကြောင့် မော်တော်ယဥ်စက်ပစ္စည်းချို့ယွင်းမှုအခက်အခဲများနှင့် ပစ္စည်းပို့ဆောင်သည့်ဝန်ထမ်းများ ဖျားနာမှုများကြောင့် လူအင်အားအခက်ခဲရှိနေသောကြောင့်ဖြစ်ပါသည်။ ကျွန်တော်တို့ Burmart မိသားစုမှ နောက်ကျသည့်အော်ဒါများအတွက် လူကြီးမင်းတို့လုပ်ငန်းဆောင်ရွက်မှုများတွင် နှောင့်နှေးကြန့်ကြာမှုများရှိသွားသည့်အတွက် အနူးညွတ်တောင်းပန်အပ်ပြီး၊ Order များအား အမြန်ဆုံးပို့ဆောင်ပေးနိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေပါသည်။

Burmart Delivery ဝန်ဆောင်မှု ပိတ်ရက် အသိပေး ကြေညာခြင်း

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့၊ ကြာသပတေးနေ့သည် ” ကုရ်ဘာနီအီးဒ်နေ့” အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Burmart Delivery ဝန်ဆောင်မှုအားလုံးကို တစ်ရက် ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့ တွင် မှာယူထားသည့် အော်ဒါများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့၊ သောကြာနေ့တွင် ပုံမှန်အတိုင်း ဝန်ဆောင်မှုများ ကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။

မိုးဘယ်လောက်ရွာရွာ Burmart က အမြဲအသင့်ပါ

အပြင်မှာ ဘယ်လောက်ပဲ မိုးတွေရွာရွာ ရေတွေကြီးကြီး စိတ်မပူပါနဲ့တော့။ ဆိုင်ရှင်ကြီးတို့ရဲ့ဆိုင်မှာ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို  မိုးထဲ လေထဲ ကိုယ်တိုင်သွားဝယ်နေစရာမလိုတော့ပါဘူး။ မိုးရေမစို အအေးမမိစေဘဲ လိုတာတွေအကုန် Burmart App ကနေ ခလုတ်ကလေးနှိပ်ပြီး မပင်မပန်း မှာနိုင်ပြီလေ။ ကဲ… လေတွေ မိုးတွေကို အံမတုဘဲ Burmart App ကနေသာ အခုပဲ မှာယူလိုက်ပါ။ Viber group ထဲသို့ ဝင်ရန် – https://bit.ly/3HbDcZr #burmart

အော်ဒါတင်ချိန် ချိန်ညှိနိုင်ရန်အသိပေးခြင်း

ချစ်ခင်လေးစားရပါသော Burmart User များခင်ဗျာ ယခု မိုးတွင်းကာလ ယာယီ အားဖြင့် အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော်တို့ရဲ့ နေ့စဥ်ပစ္စည်းပို့ရန်စာရင်းပိတ်ချိန်အား ညနေ ၃ နာရီ အချိန် သတ်မှတ်လိုက်သည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ဒီနေ့မှာယူပြီး နောက်နေ့ ပစ္စည်းရယူလိုပါက နေ့စဥ်ညနေ ၃ နာရီမတိုင်ခင်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ သို့ရာတွင် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး လူကြီးမင်းတို့၏ ညနေ ၃ နာရီ‌ကျော်သွားသည့် Order များကိုလဲမှာယူပြီး အမြန်ဆုံး စီစဉ်ပေးပြီး ၄၈ နာရီအတွင်းပို့ဆောင်ပေးနေပါသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ နှင့် ကဆုန်လပြည့်နေ့ ရုံးပိတ်ရက်ကြေငြာခြင်း

ချစ်ခင်လေးစားရပါသော Burmart အသုံးပြုသူများကို ၁-၅-၂၀၂၃(တနင်္လာနေ့) သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ နှင့် ၃-၅-၂၀၂၃(ဗုဒ္ဓဟူးနေ့) သည် ကဆုန်လပြည့်နေ့ ရုံးပိတ်ရက်များ ဖြစ်ကြောင်းကြေငြာအပ်ပါသည်။သို့ဖြစ်ပါ၍ ၂၈-၄-၂၀၂၃ မှ ၁-၅-၂၀၂၃ ရက်နေ့အထိ Order များကို ၂-၅-၂၀၂၃(အင်္ဂါနေ့) တွင် လမ်းကြောင်းပေါ်မူတည်၍ မှီသလောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး ၄င်းရက်များအတွက်ပို့ရန်ကျန်ရှိသည့် Order များနှင့် ၃-၅-၂၀၂၃(ဗုဒ္ဓဟူးနေ့) အတွက် Order များကို ၄-၅-၂၀၂၃(ကြာသပဒေးနေ့) ရုံးပြန်ဖွင့်ချိန်တွင် ပေါင်းစည်းပို့ဆောင်ပေးပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Man-U Carabao ဖလားရသွားခဲ့ပြီ ဆိုင်မှာ Carabao ပစ္စည်းရှိနေရဲ့လား?

Man-U Carabao ဖလားရသွားပြီဆိုတော့ မန်ယူပရိတ်သတ်တွေဟာ Carabao ပစ္စည်းတွေစတိုးဆိုင်မှာလိုက်ရှာရင်း ဝမ်းသာအားရနဲ့ဂုဏ်ပြုကြတော့မှာပါ။ မန်ယူပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုအတွက် သင့်ဆိုင်မှာ Carabao ပစ္စည်းအလုံအလောက်ရှိနေရဲ့လား? စိတ်မပူပါနဲ့ Burmart မှာ Carabao ပစ္စည်းများကိုဈေးကွက်အတွင်း အသက်သာဆုံးနှုန်းထားများဖြင့် မိမိဆိုင်အတွက်ဝယ်ယူဖြည့်တင်းလို့ရနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

“လွတ်လပ်ရေးနေ့” ရုံးပိတ်ရက် ကြေငြာခြင်း

ချစ်ခင်လေးစားရပါသော Burmart အသုံးပြုသူများရှင့် ဇန်န၀ါရီလ ၄ ရက်နေ့သည် “လွတ်လပ်ရေးနေ့”ဖြစ်သည့်အတွက် ၃ ရက် နှင့် ၄ ရက်နေ့တွင် မှာသော order များကို ၅ ရက်နေ့ ( ကြာသပတေးနေ့ ) မှပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေငြာအပ် ပါသည်ရှင်။

နှစ်သစ်ဆုမွန်ကောင်းတောင်းခြင်း

ချစ်ခင်လေးစားရပါသော Burmart အသုံးပြုသူများရှင့် ယနေ့ ၁ ရက် ၊ ဇန်နဝါရီ လ ၊ ၂၀၂၃ ခုနှစ် မှစ၍ လူကြီးမင်းတို့ တစ်နှစ်ပတ်လုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ စွာဖြင့်အရောင်းအဝယ်များ ပိုမိုတိုးပွားအောင် မြင်ကြပါစေကြောင်း ကျွန်မတို့ Burmart မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

ကရင်နှစ်သစ်ကူးနေ့ ရုံးပိတ်ရက်ကြေငြာခြင်း

ချစ်ခင်လေးစားရပါသော Burmart အသုံးပြုသူများရှင့် ဒီဇင်ဘာလ ၂၂ ရက်နေ့သည် ကရင်နှစ်သစ်ကူး နေ့ဖြစ်သည့်အတွက် ၂၁ ရက် နှင့် ၂၂ ရက်နေ့တွင် မှာသော order များကို ၂၃ ရက်နေ့( သောကြာ) မှစတင်ပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေငြာအပ် ပါသည်ရှင်။