သီတင်းကျွတ် ပိတ်ရက် ကြေငြာခြင်း

ချစ်ခင်လေးစားရပါသော Burmart Application အသုံးပြုသူများရှင့် အောက်တိုဘာလ ၂၈ရက်၊ ၂၉ရက် နှင့် ၃၀ ရက်နေ့များသည် သီတင်းကျွတ်ရုံးပိတ်ရက် များဖြစ်သည့်အတွက် ၂၇ ရက်နေ့ မှ ၃၀ ရက်နေ့ အတွင်း ဝယ်ယူအားပေးထားသည့် Order များကို အောက်တိုဘာလ ၃၁ ရက်နေ့ (အင်္ဂါနေ့) မှစတင်၍ အမြန်ဆုံး ပို့ဆောင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားပါသည်။ ဝန်ဆောင် မှုများ ကြန့်ကြာမှု ရှိခဲ့ပါက နားလည်ပေးပါရန် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည်ရှင့်။ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော သီတင်းကျွတ်ပိတ်ရက်လေး ဖြစ်ပါစေရန် Burmart မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

Burmart ၂ နှစ်ပြည့်မှာ လက်ဆောင် Point အပိုများ ဈေးဝယ်ရင်းယူကြမယ်🫶

Burmart ရဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ✌️၂ သိန်းကျပ်ဖိုး ဝယ်ယူပြီးတိုင်း ပုံမှန်ရနိုင်တဲ့ ပွိုင့်တွေအပြင်  အပိုဆောင်းဘောနပ်အဖြစ် ၁၀၀ ပွိုင့်အထိ ထပ်မံရယူနိုင်ပြီနော်။ ဒါကြောင့် ပွိုင့်စုနေတဲ့ ဆိုင်ရှင်ကြီးတွေအနေနဲ့ မိမိဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို တစ်ကြိမ်တည်း များများဝယ်ပြီး ဆုလက်ဆောင်တွေ ရယူလိုက်ကြပါစို့။ ပွိုင့်တွေနဲ့ လဲလှယ်နိုင်တဲ့ ဆုလက်ဆောင်တွေထဲမှာ အိုင်ဖုန်း၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုး၊ သွေးပေါင်ချိန်တိုင်းစက် စတဲ့ ဆုကြီးတွေ ပါဝင်တာမို့ အခွင့်အရေးကို လက်လွတ်မခံနဲ့နော်။  -စည်းမျဉ်းစည်းကမ်းများ- ၁။ ၂ သိန်းကျပ်ဖိုး ဝယ်ယူပြီးတိုင်း ပွိုင့် ၁၀၀ ရရှိပါမည်။ ၂။ ဤအစီအစဉ်သည် ၂ သိန်းကျပ်မှ ၁၀ သိန်းကျပ်အတွင်း ဝယ်ယူထားသော ငွေလက်ခံဖြတ်ပိုင်းများ အတွက်သာ အကျုံးဝင်ပါသည်။ ၃။ ကျပ် […]

Burmart Delivery ဝန်ဆောင်မှု ပိတ်ရက် အသိပေး ကြေညာခြင်း။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့၊ အင်္ဂါနေ့သည် “ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့” အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Burmart Delivery ဝန်ဆောင်မှုအားလုံးကို တစ်ရက် ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၃၁)ရက်နေ့ တွင် မှာယူထားသည့် အော်ဒါများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့၊ ဗုဒ္ဓဟူးနေ့ တွင် လူကြီးမင်းများ၏ မှာယူထားသည့် ပစ္စည်းများကို ပုံမှန် အတိုင်း ဝန်ဆောင် မှုများကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။

Burmart Application တွင် အနည်းဆုံး မှာယူမှုတန်ဖိုး ပြောင်းလဲ သတ်မှတ်ခြင်း။

လေးစားအပ်ပါသော ဈေးဝယ်သူလူကြီးမင်းများရှင့် Burmart Application မှ အစဉ်တစိုက် ဝယ်ယူအားပေးမှု များကို ကျေးဇူးအထူးတင်ရှိကြောင်းဦးစွာ ပထမ အကြောင်းကြားလိုပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ် လ၊ ၁ ရက်နေ့မှ စတင်၍ Burmart Application မှ အခမဲ့ Delivery ပို့ဆောင် မှုအား အနည်းဆုံး သတ်မှတ်မှာယူတန်ဖိုး ၃၀,၀၀၀ ကျပ် သို့ပြောင်းလဲလိုက်ပြီဖြစ်ပြီး ၊ ဝန်ဆောင်မှု အဖြစ် လူကြီးမင်းတို့ ဆိုင် နှင့် အိမ် သို့ အခမဲ့ အရောက်ပို့ဆောင်ပေးမည်ကို အသိပေးအကြောင်းကြားအပ်ပါသည်။

Burmart Application အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ် အား ဆောင်ရွက်နေပါသဖြင့်၊ Application အား ဝင်ရောက်အသုံးပြု၍ မရနိုင်ပါ။

Burmart Application အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ် အား ဆောင်ရွက်နေပါသဖြင့်၊ Application အား ဝင်ရောက်အသုံးပြု၍ မရနိုင်ပါ။ ယခင် မှာယူထားသည့် အမှာစာ များအတွက် အလိုအလျောက် စနစ် အတွင်း မှတ်တမ်း ယူထားပြီးဖြစ်ပါသဖြင့် ၂၄ရက် ဇူလှိုင်လ ၂၀၂၃ ရက်မှ စတင်၍ ၄၈ နာရီ အတွင်း ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အဆင်မပြေ ဖြစ်သွားရသည့် အတွက် အနှုးအညွတ်တောင်းပန် အပ်ပါသည်။ ဝယ်ယူအားပေးမှုများအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

Burmart Delivery ဝန်ဆောင်မှု ပိတ်ရက် အသိပေး ကြေညာခြင်း။

၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၁၉)ရက်နေ့၊ ဗုဒ္ဓဟူးနေ့သည် “အာဇာနည်နေ့” အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Burmart Delivery ဝန်ဆောင်မှုအားလုံးကို တစ်ရက် ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၁၈)ရက်နေ့ တွင် မှာယူထားသည့် အော်ဒါများကို ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၂၀) ရက်နေ့၊ ကြာသပတေးနေ့ တွင် လူကြီးမင်းများ၏ မှာယူထားသည့် ပစ္စည်းများကို ပုံမှန် အတိုင်း ဝန်ဆောင် မှုများကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။

ပစ္စည်းပို့ရန်နောက်ကျမှုအား တောင်းပန်ခြင်း

ချစ်ခင်လေးစားရပါသော Burmart User များ၏ Order များအား ကျွန်တော်တို့ Burmart မှ ၄၈ နာရီအတွင်းပို့နိုင်ရန်ကြိုးပန်းလျက်ရှိပါသည်။ ရက်ပိုင်းအတွင်း Burmart တွင် စံချိန်တင်အော်ဒါအရေအတွက် အများဆုံးဝင်ရောက်နေပြီး ယခုအခါတွင် သာမန်ထက်ကြန့်ကြာမှုများရှိနေခြင်းမှာ လူကြီးမင်းတို့လိုအပ်သည့် ပစ္စည်းအလုံလောက်ရနိုင်ရန် ဖြည့်တင်းနေရခြင်း၊ ရာသီဥတုအခြေအနေကြောင့် မော်တော်ယဥ်စက်ပစ္စည်းချို့ယွင်းမှုအခက်အခဲများနှင့် ပစ္စည်းပို့ဆောင်သည့်ဝန်ထမ်းများ ဖျားနာမှုများကြောင့် လူအင်အားအခက်ခဲရှိနေသောကြောင့်ဖြစ်ပါသည်။ ကျွန်တော်တို့ Burmart မိသားစုမှ နောက်ကျသည့်အော်ဒါများအတွက် လူကြီးမင်းတို့လုပ်ငန်းဆောင်ရွက်မှုများတွင် နှောင့်နှေးကြန့်ကြာမှုများရှိသွားသည့်အတွက် အနူးညွတ်တောင်းပန်အပ်ပြီး၊ Order များအား အမြန်ဆုံးပို့ဆောင်ပေးနိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေပါသည်။

Burmart Delivery ဝန်ဆောင်မှု ပိတ်ရက် အသိပေး ကြေညာခြင်း

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့၊ ကြာသပတေးနေ့သည် ” ကုရ်ဘာနီအီးဒ်နေ့” အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Burmart Delivery ဝန်ဆောင်မှုအားလုံးကို တစ်ရက် ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့ တွင် မှာယူထားသည့် အော်ဒါများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့၊ သောကြာနေ့တွင် ပုံမှန်အတိုင်း ဝန်ဆောင်မှုများ ကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။

မိုးဘယ်လောက်ရွာရွာ Burmart က အမြဲအသင့်ပါ

အပြင်မှာ ဘယ်လောက်ပဲ မိုးတွေရွာရွာ ရေတွေကြီးကြီး စိတ်မပူပါနဲ့တော့။ ဆိုင်ရှင်ကြီးတို့ရဲ့ဆိုင်မှာ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို  မိုးထဲ လေထဲ ကိုယ်တိုင်သွားဝယ်နေစရာမလိုတော့ပါဘူး။ မိုးရေမစို အအေးမမိစေဘဲ လိုတာတွေအကုန် Burmart App ကနေ ခလုတ်ကလေးနှိပ်ပြီး မပင်မပန်း မှာနိုင်ပြီလေ။ ကဲ… လေတွေ မိုးတွေကို အံမတုဘဲ Burmart App ကနေသာ အခုပဲ မှာယူလိုက်ပါ။ Viber group ထဲသို့ ဝင်ရန် – https://bit.ly/3HbDcZr #burmart