Burmart Application တွင် အနည်းဆုံး မှာယူမှုတန်ဖိုး ပြောင်းလဲ သတ်မှတ်ခြင်း။

လေးစားအပ်ပါသော ဈေးဝယ်သူလူကြီးမင်းများရှင့် Burmart Application မှ အစဉ်တစိုက် ဝယ်ယူအားပေးမှု များကို ကျေးဇူးအထူးတင်ရှိကြောင်းဦးစွာ ပထမ အကြောင်းကြားလိုပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ် လ၊ ၁ ရက်နေ့မှ စတင်၍ Burmart Application မှ အခမဲ့ Delivery ပို့ဆောင် မှုအား အနည်းဆုံး သတ်မှတ်မှာယူတန်ဖိုး ၃၀,၀၀၀ ကျပ် သို့ပြောင်းလဲလိုက်ပြီဖြစ်ပြီး ၊ ဝန်ဆောင်မှု အဖြစ် လူကြီးမင်းတို့ ဆိုင် နှင့် အိမ် သို့ အခမဲ့ အရောက်ပို့ဆောင်ပေးမည်ကို အသိပေးအကြောင်းကြားအပ်ပါသည်။

Burmart Application အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ် အား ဆောင်ရွက်နေပါသဖြင့်၊ Application အား ဝင်ရောက်အသုံးပြု၍ မရနိုင်ပါ။

Burmart Application အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ် အား ဆောင်ရွက်နေပါသဖြင့်၊ Application အား ဝင်ရောက်အသုံးပြု၍ မရနိုင်ပါ။ ယခင် မှာယူထားသည့် အမှာစာ များအတွက် အလိုအလျောက် စနစ် အတွင်း မှတ်တမ်း ယူထားပြီးဖြစ်ပါသဖြင့် ၂၄ရက် ဇူလှိုင်လ ၂၀၂၃ ရက်မှ စတင်၍ ၄၈ နာရီ အတွင်း ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အဆင်မပြေ ဖြစ်သွားရသည့် အတွက် အနှုးအညွတ်တောင်းပန် အပ်ပါသည်။ ဝယ်ယူအားပေးမှုများအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

Burmart Delivery ဝန်ဆောင်မှု ပိတ်ရက် အသိပေး ကြေညာခြင်း။

၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၁၉)ရက်နေ့၊ ဗုဒ္ဓဟူးနေ့သည် “အာဇာနည်နေ့” အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Burmart Delivery ဝန်ဆောင်မှုအားလုံးကို တစ်ရက် ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၁၈)ရက်နေ့ တွင် မှာယူထားသည့် အော်ဒါများကို ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၂၀) ရက်နေ့၊ ကြာသပတေးနေ့ တွင် လူကြီးမင်းများ၏ မှာယူထားသည့် ပစ္စည်းများကို ပုံမှန် အတိုင်း ဝန်ဆောင် မှုများကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။

ပစ္စည်းပို့ရန်နောက်ကျမှုအား တောင်းပန်ခြင်း

ချစ်ခင်လေးစားရပါသော Burmart User များ၏ Order များအား ကျွန်တော်တို့ Burmart မှ ၄၈ နာရီအတွင်းပို့နိုင်ရန်ကြိုးပန်းလျက်ရှိပါသည်။ ရက်ပိုင်းအတွင်း Burmart တွင် စံချိန်တင်အော်ဒါအရေအတွက် အများဆုံးဝင်ရောက်နေပြီး ယခုအခါတွင် သာမန်ထက်ကြန့်ကြာမှုများရှိနေခြင်းမှာ လူကြီးမင်းတို့လိုအပ်သည့် ပစ္စည်းအလုံလောက်ရနိုင်ရန် ဖြည့်တင်းနေရခြင်း၊ ရာသီဥတုအခြေအနေကြောင့် မော်တော်ယဥ်စက်ပစ္စည်းချို့ယွင်းမှုအခက်အခဲများနှင့် ပစ္စည်းပို့ဆောင်သည့်ဝန်ထမ်းများ ဖျားနာမှုများကြောင့် လူအင်အားအခက်ခဲရှိနေသောကြောင့်ဖြစ်ပါသည်။ ကျွန်တော်တို့ Burmart မိသားစုမှ နောက်ကျသည့်အော်ဒါများအတွက် လူကြီးမင်းတို့လုပ်ငန်းဆောင်ရွက်မှုများတွင် နှောင့်နှေးကြန့်ကြာမှုများရှိသွားသည့်အတွက် အနူးညွတ်တောင်းပန်အပ်ပြီး၊ Order များအား အမြန်ဆုံးပို့ဆောင်ပေးနိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေပါသည်။

Burmart Delivery ဝန်ဆောင်မှု ပိတ်ရက် အသိပေး ကြေညာခြင်း

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့၊ ကြာသပတေးနေ့သည် ” ကုရ်ဘာနီအီးဒ်နေ့” အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Burmart Delivery ဝန်ဆောင်မှုအားလုံးကို တစ်ရက် ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့ တွင် မှာယူထားသည့် အော်ဒါများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့၊ သောကြာနေ့တွင် ပုံမှန်အတိုင်း ဝန်ဆောင်မှုများ ကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။

မိုးဘယ်လောက်ရွာရွာ Burmart က အမြဲအသင့်ပါ

အပြင်မှာ ဘယ်လောက်ပဲ မိုးတွေရွာရွာ ရေတွေကြီးကြီး စိတ်မပူပါနဲ့တော့။ ဆိုင်ရှင်ကြီးတို့ရဲ့ဆိုင်မှာ လိုအပ်တဲ့ကုန်ပစ္စည်းတွေကို  မိုးထဲ လေထဲ ကိုယ်တိုင်သွားဝယ်နေစရာမလိုတော့ပါဘူး။ မိုးရေမစို အအေးမမိစေဘဲ လိုတာတွေအကုန် Burmart App ကနေ ခလုတ်ကလေးနှိပ်ပြီး မပင်မပန်း မှာနိုင်ပြီလေ။ ကဲ… လေတွေ မိုးတွေကို အံမတုဘဲ Burmart App ကနေသာ အခုပဲ မှာယူလိုက်ပါ။ Viber group ထဲသို့ ဝင်ရန် – https://bit.ly/3HbDcZr #burmart

အော်ဒါတင်ချိန် ချိန်ညှိနိုင်ရန်အသိပေးခြင်း

ချစ်ခင်လေးစားရပါသော Burmart User များခင်ဗျာ ယခု မိုးတွင်းကာလ ယာယီ အားဖြင့် အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော်တို့ရဲ့ နေ့စဥ်ပစ္စည်းပို့ရန်စာရင်းပိတ်ချိန်အား ညနေ ၃ နာရီ အချိန် သတ်မှတ်လိုက်သည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ဒီနေ့မှာယူပြီး နောက်နေ့ ပစ္စည်းရယူလိုပါက နေ့စဥ်ညနေ ၃ နာရီမတိုင်ခင်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ သို့ရာတွင် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး လူကြီးမင်းတို့၏ ညနေ ၃ နာရီ‌ကျော်သွားသည့် Order များကိုလဲမှာယူပြီး အမြန်ဆုံး စီစဉ်ပေးပြီး ၄၈ နာရီအတွင်းပို့ဆောင်ပေးနေပါသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ နှင့် ကဆုန်လပြည့်နေ့ ရုံးပိတ်ရက်ကြေငြာခြင်း

ချစ်ခင်လေးစားရပါသော Burmart အသုံးပြုသူများကို ၁-၅-၂၀၂၃(တနင်္လာနေ့) သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ နှင့် ၃-၅-၂၀၂၃(ဗုဒ္ဓဟူးနေ့) သည် ကဆုန်လပြည့်နေ့ ရုံးပိတ်ရက်များ ဖြစ်ကြောင်းကြေငြာအပ်ပါသည်။သို့ဖြစ်ပါ၍ ၂၈-၄-၂၀၂၃ မှ ၁-၅-၂၀၂၃ ရက်နေ့အထိ Order များကို ၂-၅-၂၀၂၃(အင်္ဂါနေ့) တွင် လမ်းကြောင်းပေါ်မူတည်၍ မှီသလောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး ၄င်းရက်များအတွက်ပို့ရန်ကျန်ရှိသည့် Order များနှင့် ၃-၅-၂၀၂၃(ဗုဒ္ဓဟူးနေ့) အတွက် Order များကို ၄-၅-၂၀၂၃(ကြာသပဒေးနေ့) ရုံးပြန်ဖွင့်ချိန်တွင် ပေါင်းစည်းပို့ဆောင်ပေးပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။