လေးစားအပ်ပါသော MDG Company ၏ မိတ်ဖက် လုပ်ငန်းရှင်ကြီးများ ခင်ဗျာ၊ အစဉ်အမြဲ Burmart မှတစ်ဆင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအသုံးပြုမှုများအတွက် MDG Company မှ အထူးကျေးဇူးတင်ရှိပါသည်။ လက်ရှိ ဖြစ်ပေါ်နေသော Logistic ဆိုင်ရာ မြေပြင်အခြေအနေများကြောင့် Customer များအား ပေးအပ်လျက်ရှိသော Points ရရှိမှု စနစ်အား ၁ ရက် ဧပြီလ ၂၀၂၆ မှ စတင်၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီရပ်နားမည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ သို့ရာတွင် ယခင်က ရရှိထားပြီးသော ခံစားခွင့် Points များအား Exchange အဖြစ် ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ MDG Company ၏ ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်များနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံ၍ […]
လေးစားရပါသော ဆိုင်ရှင်ကြီးများရှင့်၊ ပိုမိုကောင်းမွန်ပြီး အရည်အသွေးမြင့် လက်ဆောင်ပစ္စည်းများကို အစဉ်အမြဲ ပေးအပ်လိုသည့် စိတ်စေတနာဖြင့် Burmart နှင့် MDG Company တို့မှ ဆိုင်ရှင်ကြီးများအတွက် ပိုမိုထိရောက်ပြီး အဆင်ပြေသော Points Redeem ပုံစံအသစ် ကို မိတ်ဆက်ပေးလိုက်ပါသည်။ လတ်တလော ဈေးကွက်အခြေအနေများအရ Points exchange ပြုလုပ်ရာတွင် အရည်အသွေးကောင်းမွန်သော ပစ္စည်းများ ရှားပါးလာခြင်းကြောင့်၊ ယခင်ကဲ့သို့ လက်ဆောင်ပစ္စည်းများဖြင့် လဲလှယ်ပေးနေခြင်းအစား ဆိုင်ရှင်ကြီးများ၏ Points များကို MDG Company ထံမှ ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကျသင့်ငွေအဖြစ် ထည့်သွင်းပေးချေနိုင်ရန် စီစဉ်ထားပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ […]
Vigo Original ကွေကာ ၂ ထုပ် တစ်ခါတည်း ဝယ်ယူတိုင်း လင်ဗန်း လှလှလေး တစ်ချပ် လက်ဆောင်ပေးနေပြီနော်။ November တစ်လအတွင်းမှာပဲ လက်ဆောင်လေးတွေ ရမှာမလို့ ဒီနေ့က စပြီး မြန်မြန် ဝယ်ယူလိုက်တော့နော်။
Burmart ၏ ဈေးဝယ်ယူသူ ဆိုင်ရှင်ကြီးများ ရှင့်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ (တနင်္ဂနွေ) မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့အထိ “သီတင်းကျွတ် အများပြည်သူရုံးပိတ်ရက်” ဖြစ်သည့်အတွက် အဆိုပါရက်များတွင် Burmart Delivery ဝန်ဆောင်မှုအားလုံး ပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အဆိုပါရုံးပိတ်ရက်များပြီးနောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှစ၍ မှာယူထားသည့် အော်ဒါများကို ပုံမှန်အတိုင်း ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း Burmart နှင့် MDG ဝန်ထမ်းမိသားစုများမှ လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။
လေးစားရပါသော ဈေးဝယ်သူ ဆိုင်ရှင်ကြီးများခင်ဗျ ဆိုင်ရှင်ကြီးများအတွက် Burmart Application မှ Redeem Rewards လဲလှယ်ပေးမည့် လက်ဆောင်ပစ္စည်းအချို့ကို ခေတ်ကာလ အခြေအနေအရ ပိုမိုကောင်းမွန်သည့် ပစ္စည်းများကိုသာ ပေးအပ်နိုင်ရေးအတွက် လဲလှယ်မှုပြုလုပ်ရမည့် Points အရေအတွက် များကို 2025 July 25 ရက်နေ့မှစတင်၍ အသစ်ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ မှတ်ချက်။ ။ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက Burmart မှ ဆုံးဖြတ်ချက် ကိုသာ အတည်ပြုမည်ဖြစ်ပါသည်။
ကံစမ်းမဲတွေပေါက်ဖို့ ရောင်ပြန် sticker တွေရှာကြစို့ မာမီးခေါက်ဆွဲတွေအားလုံး အထုပ်ပုံစံအသစ်ဖြစ်သွားပြီဆိုတာ သိကြလား? ငွေသား ၁,၀၀၀ ကစလို သိန်း ၁၀၀ ကျပ်ထိ ကံထူးနိုင်စေဖို့ မာမီးပရိုမိုးရှင်းအထုပ်လေးတွေထဲမှာ ရောင် ပြန် sticker လေးတွေနဲ့အတူ ကံစမ်းမဲလေးတွေထည့်ထားပေးပါတယ်နော်… ဒါကြောင့် မာမီးခေါက်ဆွဲအထုပ်အသစ်လေးတွေကို ဝယ်စားရင်းနဲ့ အထုပ်ရဲ့ အတွင်းဘက်ကိုလည်း သေချာကြည့်ဖို့ မမေ့နဲ့ဦး။ #မာမီးခေါက်ဆွဲကောင်းမှကောင်း | #စတိုင်အသစ်နဲ့မာမီး | #ကံစမ်းမဲတွေလည်းအများကြီး
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့၊ ဗုဒ္ဓဟူးနေ့သည် ” တရုတ်နှစ်သစ်ကူးနေ့” အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် Burmart Delivery ဝန်ဆောင်မှုအားလုံးကို တစ်ရက် ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့ တွင် မှာယူထားသည့် အော်ဒါများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့၊ ကြာသပတေးနေ့တွင် ပုံမှန်အတိုင်း ဝန်ဆောင်မှုများ ကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း Burmart နှင့် MDG ဝန်ထမ်းမိသားစုများမှ လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။
မင်္ဂလာပါ Burmart မှ အစဉ်အမြဲ မှာယူအားပေးနေသည့် ဆိုင်ရှင်ကြီးများခင်ဗျ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ( ဗုဒ္ဓဟူးနေ့ ) မှ စတင်၍ ၂၀ ရက်နေ့ ( တနင်္ဂနွေနေ့ ) အထိ သည် သီတင်းကျွတ်ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်၍ Burmart Application မှ ဝယ်ယူမှုများအားလုံးကို အောက်တိုဘာလ ၂၁ ရက်နေ့ ( တနင်္လာနေ့ ) တွင် ပုံမှန်အတိုင်း ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ဝန်ဆောင် မှုများ ကြန့်ကြာမှု ရှိခဲ့ပါက နားလည်ပေးပါရန် မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါသည် ခင်ဗျ။ Burmart […]
Burmart မှ ဈေးဝယ်သူ လူကြီးမင်းများခင်ဗျာ။ လက်ရှိ ကြုံတွေ့နေရသည့် ဈေးကွက် အခြေအနေများကြောင့် ဈေးဝယ်ယူသူ ဆိုင်ရှင်ကြီးများ၏ ဝယ်ယူသည့် ပစ္စည်းအချို့တွင်အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင် သဖြင့် Delivery ပို့ဆောင်သည့်နေ့၏ ဈေးကွက်ပေါက်ဈေးဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်းကို မိမိတို့ MDG နှင့် Burmart မိသားစု များမှ အနူးအညွတ် အသိပေးအပ်ပါသည်။
မင်္ဂလာပါ Burmart မှ အစဉ်အမြဲ မှာယူအားပေးနေသည့် ဆိုင်ရှင်ကြီးများခင်ဗျ။ ဦးစွာပထမ အနေဖြင့် MDG နှင့် Burmart မိသားစုမှ ဆိုင်ရှင်ကြီးများအားလုံး သာယာပျော်ရွင်ဖွယ် ကောင်းသော နေ့လေး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။ ဆိုင်ရှင်ကြီးများအားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိကြပါစေခင်ဗျ။ ယခုလက်ရှိဖြစ်ပေါ်နေသည့် ဈေးကွက်အခြေအနေ နှင့် Transportation အခြေအနေများအရ Burmart မှ အနိမ့်ဆုံး ဝယ်ယူမှု ပမာဏ ကို လက်ရှိ ၃၀,၀၀၀ ကျပ် မှ ၅၀,၀၀၀ ကျပ်သို့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ပြောင်းလဲ သတ်မှတ်မည် ဖြစ်ပြီး အဆိုပါနေ့ရက်မှ စတင်၍ ဆိုင်ရှင်ကြီးများမှ ကျပ် ၅၀,၀၀၀ ပြည့်ဝယ်ယူမှုပြုမှသာ Burmart […]
